Andrew Garfield နှင့် Marvelတို့ နောက်ထွက်မဲ့ဇာတ်ကားများအတွက် လက်မှတ်ရေးထိုး

Andrew Garfield နဲ့ Marvel ဇာတ်လမ်း မပြီးဆံုးသေးပါဘူး။  Spider-Man: No Way Home ဇာတ်ကားတွင် Peter Parker ၏ Tom Holland နှင့် Tobey Maguire တို့နှင့်အဖွဲ့ဖွဲ့ပြီးနောက်၊ Garfield သည် နောက်ထပ်ပြန်လာမည်ဖြစ်သည်။  ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်မှ အော်စကာဆန်ခါတင်စာရင်းဝင်မင်းသားသည် Marvel ဇာတ်ကားများထပ်မံရိုက်ကူးရန်အတွက် လက်မှတ်ရေးထိုးထားကြောင်း အတည်ပြုခဲ့သည်။
ဤသတင်းသည် Andrew Garfield သည် Marvel သို့မည်သို့ပြန်လည်ရောက်ရှိသည်နှင့် ပတ်သက်၍ခန့်မှန်းနိုင်သည်။  ပြီးခဲ့သည့်အပတ်က Kevin Feige သည် Marvel Comics ပရိသတ်အများစုသိထားပြီးဖြစ်သည့် – Marvel Cinematic Universe ၏နောက်ထပ်စစ်ပွဲကြီးသည် 2015-16 Marvel Comics mega-crossover, Secret Wars ကိုအခြေခံလိမ့်မည်ဖြစ်သည်။   ၎င်းသည်  Marvel ဇာတ်ကောင်များ၏ အခြားuniverse ဗားရှင်းများကို ယခင်ကထက် ပိုမိုလိုအပ်မည်ဖြစ်သည်။
Marvel Comics သည် 2013 ခုနှစ်တွင် Avengers နှင့် New Avengers နှစ်မျိုးလုံးကို ပြန်လည်စတင်ဖန်တီးသောအခါတွင် Jonathan Hickman သည် ခေါင်းစဉ်နှစ်ခုစလုံးကို ရေးသားခဲ့ပြီး Doctor Strange in the Multiverse of Madness တွင် ကျွန်ုပ်တို့ကြားသိခဲ့ရသည့်အရာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် သူရဲကောင်းများအကြောင်း ရှည်လျားသောဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့သည်။  Marvel Comics ၏ Illuminati သည်  “Incursions-အချိန်ကျူး‌ေကျာ်မှုများ” မှ လျှို့ဝှက်စွာ စတင်ကာကွယ်နေပြီဖြစ်သည်၊ ဆိုလိုသည်မှာ timelineတစ်ခုနှင့်တစ်ခု friction ဖြစ်ခြင်းသည် timeline နှစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည်။  နောက်ဆုံးတွင် 616 သာ ကျန်ရှိတော့ပြီး နောက်ဆုံးတွင် နှစ်ခုစလုံးမရှိတော့ပါ။  ထို့နောက် 2015 ၏ Secret Wars နံပါတ် 1 တွင် Doctor Doom သည်  Battleworld ဆို‌ေသာrealityကိုပြန်လည်ဖန်တီးခဲ့ ပြီး အုပ်စိုး God Doom ဟု အမည်ပြောင်းခဲ့သည်။
အဆိုပါနေရာသည်Andrew Garfield နှင့် Marvel တို့ ပြန်လည်လက်တွဲမည့်နေရာဖြစ်သည်။ ရုပ်ပြစာအုပ်Secret Wars တွင် အရာအားလုံးသည် ကမ္ဘာတစ်ခုတည်းတွင် အတူရှိနေသည့် Marvel ဇာတ်ကောင်များ၏ အဆုံးမရှိသောပုံစံများဖြင့် ဖြစ်တည်နေသည်။  ဥပမာအားဖြင့်၊ God Doom ၏ဥပဒေစိုးမိုးရေးကို Thor Corps မှ ကိုင်တွယ်သည်—Thors အမျိုးကွဲများစွာရှိသည့် အုပ်စုတစ်စုလုံး အတူတကွအလုပ်လုပ်ကြသည်။  Throg၊ Beta Ray Bill၊ Red Norvell၊ Ororo version Thor စသည်ဖြင့် အစောပိုင်း ကာတွန်းများတွင် Thors ကို မိတ်ဆက်ထားပြီးဖြစ်သည်။ ထို့နောက် Gamora Thor နှင့် Groot Thor (“I am Thor” ဟု အမြဲပြောတတ်သော) ကဲ့သို့သော အသစ်စက်စက်ထွက်ရှိထားသည်များ ရှိသည်။ အစိမ်း၊ အနီရောင်နှင့် မီးခိုးရောင် ရှိသော Hulks မျိုးကွဲများ၏ နယ်ပယ်တစ်ခုလည်းရှိသည်။  Marvel ဇာတ်ကောင်များအားလုံးကို အနောက်တိုင်းပုံစံအတိုင်း တည်ရှိနေသည့် နယ်ပယ်တစ်ခုလည်းရှိသည်။  ဖုတ်ကောင်များ ပြည့်နှက်နေသော Marvel ဇာတ်ကောင်များ၊  နှင့် Days of Future Past၊ Age of Apocalypse နှင့် Old Man Logan ကဲ့သို့သော X-Men dystopian ဇာတ်လမ်းများကို အခြေခံထားသော နယ်ပယ်များစွာလည်းပါဝင်သည်။
Marvel Studios သည် Secret Warsအကုန်လုံးကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် မဖြစ်နိုင်‌ေသးသော်လည်းမျိုးကွဲများ ပိုလိုအပ်မည်မှာ သေချာပါသည်။ Andrew Garfield သည် အရင်ကလည်းလက်တွဲခဲ့ဖူးပြီး ယခုလည်းMarvel ကိုပြန်ရောက်လာပါပြီ။ ထို့အတူးSpider-Man ဗားရှင်းအချို့ကိုလည်းထပ်မံလိုအပ်မှာဖြစ်ပြီး Garfield ရှိနေခြင်းကခြေလှမ်းတစ်ခုရဲ့အစဖြစ်လာနိုင်သည်။

Leave a Comment