Ronaldo နှင့် Binanceတို့လက်မှတ်ရေးထိုး

ကမ္ဘာ့အကြီးကျယ်ဆုံးဘောလုံးကစားသမားများထဲမှတစ်ဦး‌ဖြစ်သူRonaldoသည်  NFTနှစ်ရှည်မိတ်ဖက်အဖြစ် crypto ပလပ်ဖောင်း Binance နှင့်လက်တွဲလိုက်သည်။

ပေါ်တူဂီနှင့် ရီးယဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုသည် NFTs ၏ကမ္ဘာတဝှမ်း စိတ်ဝင်စားမှုမြင့်တက်စေရန်နှင့်‌Ronaldo၏ပရိသတ်များအား Web3 ကို မိတ်ဆက်ပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဖြစ်သည်။
Ronaldoသည် Binance NFT ပလပ်ဖောင်းတွင် သီးသန့်ရောင်းချရန်အတွက် collection စီးရီးများကို ဖန်တီးမည်ဖြစ်သည်။  ပထမဆုံး collection ကို ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည်ဖြစ်ပြီး ကစားသမားနှင့် ပူးပေါင်းဖန်တီးထားသည့် ဒီဇိုင်းများ ပါဝင်မည်ဖြစ်သည်။

“ခရစ္စတီယာနိုရော်နယ်ဒိုသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားများထဲမှ တစ်ဦးဖြစ်ပြီး အားကစားနယ်ပယ်တွင် အိုင်ကွန်တစ်ခုဖြစ်လာစေရန် အားကစားကို ထိုးဖောက်ခဲ့တာပါ” ဟု Binance တည်ထောင်သူနှင့် CEO Changpeng ‘CZ’ Zhao က ပြောကြားခဲ့သည်။

သူသည် သူ၏စစ်မှန်မှု၊ အရည်အချင်းနှင့် ပရဟိတအလုပ်များဖြင့် ကမ္ဘာ့အခိုင်မာဆုံးသော ပရိသတ်များကို စုဆောင်းထားသူတစ်ဦးဖြစ်သည်။
Ronaldoက Binance နှင့်ပူးပေါင်းခြင်းသည်၎င်း၏ကမ္ဘာလုံးဆိုင်ရာပရိသတ်ကွန်ရက်နှင့် သူ၏ဆက်ဆံရေးကို မြှင့်တင်ရန် အထောက်အကူဖြစ်စေကြောင်း ရှင်းပြခဲ့သည်။

“ပရိသတ်တွေနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊ ဒါကြောင့် ဒီ NFT ပလပ်ဖောင်းကနေတစ်ဆင့် မကြုံစဖူးအတွေ့အကြုံတွေကို ယူဆောင်လာဖို့က ကျွန်တော်ဖြစ်ချင်တဲ့ အရာတစ်ခုပါ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

Leave a Comment