2017 ခုနှစ်ဇွန်လတွင် Mayweather သည် လူအများစုမျှော်လင့်ထားသည့်အတိုင်း UFC ဂန္တဝင်ကစားသမားကိုလက်ဝှေ့ကြိုးဝိုင်းတွင် အနိုင်ရရှိခဲ့သည်။
သို့သော် McGregor သည် အကြီးကျယ်ဆုံး လက်ဝှေ့သမားဟု ထင်ကြေးပေးခံရသည့် Mayweather နှင့် 10 ချီမြောက်အချီအထိထိုးသတ်နိုင်သဖြင့်ချီးကျုးမှုများစွာ ထွက်ပေါ်လာခဲ့သည်။

UFC ဂန္တဝင် McGregor က သဘောတူညီချက်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီလို့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
သူသည် ၎င်းတို့၏ ပထမတိုက်ပွဲမှ ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့သည် – “ကျွန်တော်လက်ခံပါတယ်” ဟူသော စာတန်းဖြင့် Mayweather ခန္ဓာကိုယ်ကို ထိုးချက်များနှင့်ဓာတ်ပုံကို Instagram တွင်ပိုစ်တင်ခဲ့ပါသည်။

SunSport သည် ယခုနှစ်အစောပိုင်းတွင် ၎င်းတို့နှစ်ဦး မကျေပွဲအတွက် ဆွေးနွေးမှုများရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါထိုးသတ်ပွဲမှ ၎င်းတို့နှစ်ဦးစလုံးသည် ယခင်2017ထိုးသတ်ပွဲမှ ဆုကြေးသန်း£500ထက်နှစ်ဆရရှိမည်ဖြစ်သည်။
UFC ကို ဒေါ်လာ 4 ဘီလီယံ တန်ကြေးအထိရှိလာအောင်အဓိကစွမ်းဆောင်ပေးခဲ့သောဖြစ်လာအောင် အလုပ်သင် ရေပိုက်သမားဟောင်း McGregor သည် ပြိုင်ပွဲများမယှဉ်ပြိုင်ရသဖြင့် UFCမှာပေါင်သန်း 100 ဝန်းကျင်ခန့် ဝင်ငွေလျော့နည်းလာသည်။

ပြိုင်ပွဲပြီးဆုံးပါက Mayweather သည် နောက်ထပ် “ဆုကြေးကိုးပုံတစ်ပုံ ” ရရှိမည်ဟု လက်ဝှေ့ဝက်ဆိုဒ်က ထပ်လောင်းပြောကြားခဲ့သည်။
Mayweather သည် McGregor ကို အနိုင်ရရှိခဲ့ပြီး 50 ပွဲအနိုင်ရကာ ရှုံးပွဲ သရေမရှိသည့် ပရော်ဖက်ရှင်နယ်ပွဲ စံချိန်ကိုဆက်လက် တင်ရှိခဲ့သည်။
YouTuber Logan Paul သည် Mayweather နှင့် ရှစ်ချီမြောက်အထိထိုးသတ်နိုင်ခဲ့သော်လည်းနောက်ပိုင်းတွင် ပရိသတ်အများအပြားထင်ကြေးပေးခဲ့ကြသလို ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သောလတွင် Mayweather သည် ဒူဘိုင်းရှိသရုပ်ပြပွဲတစ်ခု၌ ၎င်း၏လေ့ကျင့်ဖော်Don Moore နှင့်သရုပ်ပြထိုးသတ်ခဲ့သည်။
အသက် 45 နှစ်အရွယ်ရှိပြီဖြစ်သော Moore သည် လက်ဝှေ့ပြပွဲတစ်ခုကျင်းပနေစဉ် ရှစ်ချီအတွင်း နှစ်ကြိမ်တိုင်တိုင် လဲကျခဲ့သည်။
Mayweatherသည် သရုပ်ပြထိုးသတ်ပွဲများတွင်တစ်ဖက်သတ် အနိုင်ယူခဲ့ပီး သူ၏နာမည်ဆိုးရွားလာသဖြင့်၎င်းသည် UFC မှအချိန်အတန်ကြာအနားယူေနရတဲ့ McGregor နှင့်ပထမဆုံးပရော်ဖက်ရှင်နယ်လက်ဝှေ့ထိုးပွဲပြန်လည် ထိုးသတ်မည်ဖြစ်သည်။
McGregor သည် Dustin Poirier နှင့်ထိုးသတ်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ကာ ကြောက်မက်ဖွယ်ရာ ခြေထောက်ကျိုးသွားခဲ့သောကြောင့် UFC တွင် တစ်နှစ်နီးပါး ပြိုင်ပွဲများမယှဉ်ပြိုင်နိုင်ခဲ့ပေ။
လက်ရှိတွင်Mayweatherနှင့်Manny Pacquiao 2015ခုနှစ်က ထိပ်တိုက်တွေ့ဆုံခဲ့ေသာပွဲမှာပေါင် 678 သန်းဖြင့် သမိုင်းတစ်လျှောက် အကြီးမားဆုံး ဝင်ငွေရရှိခဲ့ေသာပွဲဖြစ်သည်။ သို့သော် ယခုပွဲဖြစ်ဖြစ်မြောက်လာပါက ယင်းပွဲစံချိန်ကိုချိုးနိုင်လိမ့်မည်ဟုခန့်မှန်းကြသည်။
#MayweatherVsMcGregor
Jay Shaung