ဆာဒီယိုမာနေးသည် အသင်းဖော်အချို့နှင့် နှိုင်းယှဉ်ပါက ကလပ်မှ ချီးကျူးခြင်း၊အလေးထားခြင်းမရှိသောကြောင့် လီဗာပူးလ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆင်ကလဲယားက ပြောကြား

စိန်ခေါ်မှုအသစ်ကိုရင်ဆိုင်ချင်တယ်သူ့ရဲ့ဆန္ဒကို ထုတ်ဖော်‌ေပြာဆိုပြီးနောက်မှာတော့ အဆိုပါတိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင် 35 သန်းနဲ့ ထွက်ခွာခွင့်ရရှိခဲ့ပြီး အခြားကမ်းလှမ်းမှုများစွာကို ပယ်ချခဲ့ပြီးသဘောတူညီခဲ့တာဖြစ်ပါတယ်။
ယာဂင်ကလော့ပ်သည် ယခုနွေရာသီတွင် ထွက်ခွာသွားသည့် ၎င်း၏ အဓိက ကစားသမားတစ်ဦးအတွက် စိတ်ပျက်စရာအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပြီး မိုက်ကယ်အိုဝင်အပါအဝင် အခြားသောကလပ်ဂန္ထဝင်များကလည်းအံ့အားသင့်ခဲ့ကြသည်။
သူက  ‘Sadio Mane ရဲ့အပြောင်းအရွှေ့ကို တစ်ကမ္ဘာလုံးကလက်ခံထားပြီး အခုသူဟာ လီဗာပူးဘောလုံးအသင်းကနေ ကလပ်ဂန္တဝင်တစ်ယောက်အနေနဲ့ ထွက်ခွာသွားပြီဖြစ်ပါတယ်’talkSPORT သို့ပြောကြားခဲ့သည်။
ဒါပေမယ့် “သူဘာလို့ထွက်ခွာတာလဲမသိဘူး” လို့ ပရိသတ်တွေနဲ့ ကစားသမားဟောင်းအချို့ဆီက အမြဲကြားနေရပါတယ်။  သူဘာကြောင့်ထွက်ခွာတာလဲဆိုတာ ပြောပြပါရစေ”ဟုဆင်ကလဲယားကထောက်ပြခဲ့ပါသည်။

နံပါတ်တစ်အချက်၊ Virgil van Dijk သို့မဟုတ် Mo Salah ကဲ့သို့ အသင်းတွင် ချီးကျူးဂုဏ်ပြုခံရဖူးသည်ဟုကျွန်တော်မထင်ပါဘူး။
နံပါတ်နှစ်၊ လီဗာပူးက စာချုပ်သက်တမ်းကို မနှစ်ကထက် လျှော့ချပေးလိုက်တာက သူ့အပေါ် သူတို့ ဘယ်လိုသဘောထားတယ်ဆိုတာ ညွှန်ပြနေပါတယ်။
နံပါတ်သုံး၊ အဓိက ကတော့ Jurgen Klopp က ဆီနီဂေါအသင်းနည်းပြ Aliou Cisse ကိုသူ့ကလပ်ကစားသမားကို အာဖရိကပြိုင်ပွဲကျင်းပစဥ် လက်လွှတ်လိုက်ရတဲ့အတွက် ဆီနီဂေါအသင်းအာဖရိကပြိုင်ပွဲမှထွက်ခွာရပြီး စိတ်ဓာတ်ကျနေစဉ်တွင်”မင်းအတွက် ငါတို့ကလပ်အသင်းကအာဖရိက ကစားသမားတွေက ဒုတိယဦးစားပေး ကစားပေးတာ”လို့
မာနေးရဲ့အားကစားစိတ်ဓာတ် နိုင်ငံချစ်စိတ်ကို မငဲ့ညှာဘဲပြောဆိုခဲ့သည်။
ဆက်လက်ပြီးတော့ “သူက အချိန်ကောင်းမှာ ကလပ်ဂန္ထဝင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်း အသင်းမှာသူဆက်ကစားနိုင်မယ်မထင်ဘူး။”

ကလော့ပ်သည် နောက်ပိုင်းတွင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနှင့်ပတ်သက်သည့် ၎င်း၏မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ၎င်း၏စကားများကို အထင်အမြင်လွဲမှားတာဖြစ်ပြီး နည်းပြ ဆစ်စီ
ကို စိတ်ပါလက်ပါ နှိမ့်ချမည်မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
မာနေးသည် အန်ဖီးလ်ကွင်း၌ စုစုပေါင်း ၂၆၉ ပွဲကစားကာ ဂိုးပေါင်း ၁၂၀ သွင်းယူကာ ဂိုးဖန်တီးမှု ၄၈ကြိမ် အံ့အားသင့်ဖွယ်စွမ်းဆောင်နိုင်ခဲ့ရာ ခြောက်နှစ်ကြာ ကစားပြီးနောက် ထွက်ခွာခဲ့သည်။

သူဟာ လီဗာပူးအတွက် ငါးနှစ်အတွင်း ချန်ပီယံလိဂ် ဖိုင်နယ် ၃ ကြိမ်အထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ကလပ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည်ထိပ်တန်းရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာပြီးသတင်းစာရှင်းလင်းပွဲမှာ‌မာနေးပြောကြားခဲ့တာကတော့  ‘ကျွန်တော့်စိတ်ထဲမှာ တကယ့်ကို ရှင်းရှင်းလင်းလင်းပါပဲ။

‘ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး ပြောကြားလာတဲ့အခါ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။  တစ်ရက်‌‌ေတာင်စဥ်းစားခဲ့ရတာမဟုတ်ဘူး၊စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချခဲ့တာပါ။’

‘ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ မှန်ကန်တဲ့ အချိန်နဲ့ မှန်ကန်တဲ့ အသင်းလို့ ထင်ပါတယ်။  ဘိုင်ယန်ကို အားပေးသူ ဒါမှမဟုတ် ဘိုင်ယန်ကစားသမားတစ်ယောက်အနေနဲ့ ကလပ်ရဲ့ အစီအစဉ်ကို သိပြီးသားပါ။

‘မင်း ဒီကလပ်အတွက် ကစားရင် ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်ဖို့ ဒီကိုရောက်နေတယ်ဆိုတာ သိဖို့လိုတယ် ‘ဟုပြောကြားခဲ့ပါသည်။

#Sportnews

By Jay Shaung

Leave a Comment